Thursday, November 24, 2011
အိပ်မက်ထဲက ကချင်မြေ
ကျွန်မတို့ကချင်ပြည်နယ်ဟာ တောတောင် ရေမြေ သဘာဝအလှတွေ များပြားလှတဲ့ နေရာတစ်ခုဖြစ်သလို အဖိုးတန် သယံဇာတများလည်း ပေါကြွယ်ဝလှပါတယ်.. ကျွန်မ စာရေးဖြစ်ပြီးတဲ့ နောက်ပိုင်း ကချင်ပြည်နယ်ရဲ့ နေရာ အချို့က ကျွန်မရောက် ခဲ့တဲ့ နေရာတွေရဲ့ အကြောင်းတွေ၊ ဓာတ်ပုံတွေကို ဘလော့ဂ်ပေါ်ကနေ တင်ခဲ့သလောက်လည်း တင်ခဲ့ပြီးပါပြီနော်.. ဒါပေမဲ့ ကျွန်မဟာ ကချင်ပြည်နယ်ရဲ့ နေရာအစုံကို မရောက်နိုင်သေးပါဘူး.. ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်.. ကျွန်မအနေနဲ့ အခြေအနေ၊ အချိန်အခါ အခွင့်အရေးများရှိခဲ့ရင် အဲဒီနေရာတွေ သွားချင်မိပါသေး တယ်။
ဒီပိုစ့်လေး ဖြစ်လာတဲ့ အကြောင်းက ဖေ့ဘွတ်ပေါ်က ဓာတ်ပုံလေး တစ်ပုံကို သဘောကျ မိရာက ဓာတ်ပုံတွေ အများကြီးရှိတဲ့ Album ထဲကို ရောက်သွားခဲ့ပါတယ်.. အဲဒီမှာ ကျွန်မကိုယ်တိုင် တစ်ခါမှ မရောက်ဖူးသေးတဲ့၊ မမြင်ဖူးသေးတဲ့ ကချင်ပြည်နယ် အရှေ့ဖျားတစ်နေရာ တောင်စဉ် တောင်တန်းတွေကြားက ကချင်မြေရဲ့ အလှအပ ဓာတ်ပုံတွေ တွေ့လိုက်ရပါတယ်.။ အဲဒီဓာတ်ပုံတွေရဲ့ ပိုင်ရှင်က ဆရာငြိမ်းအေးအိမ် ဖြစ်ပါတယ်။ ဆရာရဲ့ ဓာတ်ပုံတွေ ဟာ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် တော်ရုံနဲ့ သိပ်မရောက်နိုင်တဲ့ ကချင်ပြည်နယ် ပန်ဝါနဲ့ ချီဖွေ စတဲ့ ဒေသက ပုံတွေ ဖြစ်ပါတယ်။ ဝန်ခံရရင် အဲဒီနေရာတွေဘက်ကို ကျွန်မက တစ်ခါမှကို မရောက်ဖူး ခဲ့တာမို့ ကိုယ့်ပြည်နယ်ရဲ့ ဒေသတွေဟာ ဒီလောက်လှနေပါလားဆိုတာ တကယ်ကို မသိခဲ့ဘူးလို့ ဆိုရမှာပါ.. ဆရာ ရိုက်ခဲ့တဲ့ ဒေသတွေဟာ ရောက်ဖူးတဲ့သူ အလွန်နည်းတဲ့ ဒေသတွေဖြစ်ပြီး ဓာတ်ပုံတွေ ကလည်း တောတောင် အလှ အပတွေ။ တိုင်းရင်းသားတို့ရဲ့ နေထိုင်မှုဘ ဝနဲ့ တောင်ပေါ်တိရိစ္ဆာန်တွေ စတဲ့ ရှားရှားပါးပါး ပုံတွေဖြစ်ပါ တယ်။ ရေခဲတောင်ဆိုတာ ပူတာအိုဘက်မှာသာ ရှိတယ်လို့ သိခဲ့ဖူးတဲ့ ကျွန်မဟာ မြင်လိုက်ရတဲ့ ဓာတ်ပုံတွေ အတွက်လည်း အလွန်ကို အံ့သြပီတိဖြစ်မိရပါတယ်။

ရေခဲဖုံးတောင်တွေကြားက ယုံကြည်ကိုးကွယ်ရာ
တောင်နဲ့ မိုးတဲ့အိမ်
ငွေမျှင်ကြိုးနဲ့ယှက်တဲ့ တိမ်
မြင့်မြင့်မားမား တောင်တန်းများပေါ်မှာသာ ပွင့်တဲ့ တောင်ဇလပ်နီ
ချင်းပြည်နယ်က တောင်တန်းတွေပေါ်မှာလည်း တောင်ဇလပ်ပန်းတွေ ရှိပါတယ်။ ဒီပုံကတော့ ကချင်တောင်တန်းပေါ်က တောင်ဇလပ်ပန်းအနီပါ။ ကချင်ပြည်နယ်သူ ကျွန်မ တောင်ဇလပ်ပန်းကို အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးပါဘူး. သူကလည်း မြင့်မား တဲ့ တောင်ပေါ်တွေ မှာသာ ပေါက်တာကိုး.. အခါအခွင့် သင့်တဲ့ တစ်နေ့နေ့ တော့ တောင်ဇလပ်ပန်းကို ကြည့်နိုင်ဖို့ ရောက်အောင်လာခဲ့ပါဦးမည်။
မြောက်မှတောင်သို့ စီးဆင်းနေတဲ့ ငေါ့ချန်းခ
မြစ်တို့၏ မာယာ
ချောင်းကူးတံတား
ဒီလို လှပတဲ့ ပုံတွေကိုကြည့်ပြီး ကချင်ပြည်နယ်ရဲ့ သာယာလှပမှုတွေကို ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းတွေလဲ မြင်ရအောင် တစ်စု တစ်စည်းတည်း ဘလောဂ့်ပေါ် မှာ ပြန်လည် မျှဝေပေးချင်တာနဲ့ ဒီဓာတ်ပုံတွေကို ကိုယ်တိုင် ရိုက်ယူခဲ့တဲ့ ဆရာ ငြိမ်းအေးအိမ် ဆီက ခွင့်ပြုချက် ယူကာမြင်ရတဲ့အတိုင်း ဓာတ်ပုံတွေကို ဒီနေရာကနေ ပြန်လည်ဝေ မျှတာ ဖြစ်ပါ တယ်။ တော်တော် များများလည်း ဆရာရဲ့ Facebook မှာ မြင်ဖူးကြမယ် ထင်ပါတယ်။ သို့သော်လည်း ကျွန်မအနေနဲ့ ဆရာရဲ့ ဓာတ်ပုံတွေကို အလွန် နှစ်သက် သဘောကျလွန်းတာမို့လို့ သိမ်းထားချင်တဲ့ စိတ်လည်း ဖြစ်မိ ပါတယ်.. ပြီးတော့လည်း အဲဒီပုံတွေကို မမြင်ရသေးတဲ့ သူတွေကိုလည်း ကချင်ပြည်နယ် မြောက်ဖျားရဲ့ အလှတွေကို ခံစား ကြည့်စေချင်မိပါတယ်.. ကြည့်ပြီးသား ဆိုရင်လည်း ထပ်မံ ခံစားကြည့်ရှုကြပါလို့ ပြောချင်တာပါရှင်။
ဒီပုံထဲက အိမ်ကတော့ ဆရာနေခဲ့ဖူးတဲ့ ရစ်ဂျော်ဆိုတဲ့ ရွာကလေးဖြစ်ပါတယ်တဲ့
ကချင်တောင်တန်းများကြားက လော်ဝေါ် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ့ရွာကလေး..
ဘဝကြမ်းကြမ်း လမ်းကြမ်းကြမ်းမှာ တစ်ဝမ်းတစ်ခါး ရှာသူများ
ဆီးနှင်းတို့ဖုံးလွှမ်းနေတဲ့ တောင်ပေါ်လမ်းတစ်နေရာ
ဆရာက ဒီပုံကို “ဆည်းလည်းသံတို့ရဲ့ နံနက်ခင်း” လို့ အမည်ပေးထားပါတယ်.
မြူမှုန်ခပ်ပါးပါး လွှမ်းခြုံထားတဲ့ ရောင်ခြည်ဖြာစ နံနက်ခင်း
အခု ဒီစေတီရှိရာ အရပ်ဒေသဟာ မြန်မာပြည်အရှေ့မြောက်ဖျား မြင့်မားတဲ့ တောင်တန်းကြီးတွေရှိရာ ပန်ဝါ လို့ အမည်ရတဲ့ ဒေသဖြစ်ပါတယ်. လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ခရီးဝေးတာကြောင့် လူတိုင်းရောက် ရှိဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်.. အဲဒီနေရာမျိုးမှာ ခုလို စေတီနဲ့ ဆည်းလည်းနဲ့ မြင်ရတဲ့ မြင်ကွင်းဟာ အင်မတန်မှ ကြည်နူးဖွယ်ကောင်းလှပါတယ်။ မြန်မာပြည်မှာ နှင်းတွေဖုံးနေတဲ့ တောင်အနီးမှာ ခုလို စေတီ ရှိတယ်ဆိုတာ သိသူနည်းပါးလှပါတယ်..
မယုံမရှိပါနဲ့... တကယ်ကို မြန်မာပြည်ထဲမှာပါ.. ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းတည်ရှိရာ တောင်ကုန်းပါ။
ကချင်မြေမှာ ဘာသာတရားနှင့် ပတ်သက်ပြီး ကန့်သတ်ချက်မရှိဘဲ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်သည်ဆိုတာ စေတီပုထိုးများနှင့် ဘုရားရှိခိုးကျောင်းတို့က အကောင်းဆုံး သက်သေ သာဓကများသာ ဖြစ်နေပေမည်။
ဒီပုံကတော့ ဗန်းမော်အနီးမှာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုင်းရင်းသားတို့ရဲ့ သဘာဝကို ဖော်ကျူးနေတဲ့ ဒီပုံကို ဆရာက “ မြစ်သို့လမ်း” လို့ အမည်ပေးထားပါတယ်.. အဲဒီပုံနဲ့ လိုက်ဖက်တဲ့ ကဗျာလေးကိုတော့ ကိုခင်အောင်အေးက အောက်ပါအတိုင်း ရေးစပ်ထားပါတယ်.. ပုံလေးနဲ့ အတူ တွဲဖက် ခံစားကြည့်ပါနော်။
မြစ်သို့လမ်း
တောင်ပေါ်တောလမ်း
ရွာနီးချုပ်စပ်တွေကို ဖြတ်သန်း
ခေတ်ဆန်းချိန် ဘယ်မှာ သိနိုင်မတုန်း..
ဆယ်နှစ်ကလည်း ဒီအတိုင်း
အနှစ်နှစ်ဆယ်တုန်းကလည်း ဒီအတိုင်း
ဟိုး အနှစ်ငါးဆယ်တုန်းကလည်း
ဒီလိုပဲ ..
ဘာမှ မပြောင်းမလည်းတဲ့လမ်း
အကွေ့အကောက်ကလေးတွေကိုကျော်
အပြေလေးတွေနဲ့ ကုန်းမော့လေးတွေ
တလှည့်စီဖြတ် ဒရွတ်တိုက်ပါနေကျ
ဘဝ လို လွယ်ထားတဲ့ ပလိုင်းနဲ့
ရေနည်းသွားတဲ့ မြစ်ဖက်ဆီ။ ။
လှေကားထစ်စိုက်ခင်း (သူများတွေဆီမှာတင် ဒီလိုရှုခင်းရှိတယ်မှတ်လား .. ကိုယ့်ပြည်တွင်းမှာလဲ ရှိနေပါတယ်)
အဝေးကကြည့်ရင် ပုဝါတစ်စ လွှင့်ကျလာသလို ဝေ့ကာဝိုက်ကာ ကဗျာဆန်လှပေမဲ့ အားမာန်ပါတဲ့ ချောင်းရေစီးသံ
သဘာဝရဲ့ လက်ဆောင်အဖြစ် ရရှိထားတဲ့ ကြည်လင်အေးမြနေတဲ့ စမ်းချောင်းရေ
တောင်စဉ်အထပ်ထပ်ကို ကျော်ကာဖြတ်ကာ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်ကတည်းက တည်ရှိခဲ့တဲ့ လော်ဝေါ်ရွာလို့ ဆရာကဆိုပါတယ်..
ဘယ်လိုပင်လမ်းပန်းခက်ခဲပါစေ.. တောတောင်တွေကြားက သဘာဝအလှတရားက မြို့ပြရှုခင်းတွေ ဘယ်လိုမှမမီနိုင်အောင် လှမြဲပါဘဲလေ။
တောင်ပေါ်အိမ်နဲ့ တောင်ပေါ်လမ်း
ထင်းရှူးပင်နဲ့ ရေခဲပြင်
ဖီမော်ရဲ့နှင်းတွေဝေတဲ့ ဖေဖော်ဝါရီ (တရုတ်မြန်မာ နယ်ခြားဂိတ်)
ငေါ့ချမ်းခချောင်းတစ်နေရာ.
ပေ ၇ဝဝဝ ကျော် အမြင့်မှာရှိတဲ့ ဘောလုံးကွင်းလို့ ဆိုပါတယ်.. ကြည့်ပါဦးတော့... တိမ်ကိုတောင် လှမ်းပြီး ဆွတ်ခူးလို့ ရတော့မဲ့အတိုင်း
(ဒီတောင်ထိပ်ပေါ်မှာ ဘောလုံးကန်လိုသူများ စာရင်းပေးပါ) တောင်ထိပ်ပေါ်ကို ခြေလျှင် တက်ပြီးမှ ဘောလုံးကန်ရပါမယ်... :P
တရုပ်နဲ့ မြန်မာဆက်သွယ်ဖောက်လုပ်ထားတဲ့ ကန်ပိုက်တည်လမ်းပေါ့။ သူတို့တွေက ဒီလမ်းကနေ မြစ်ဆုံစီမံကိန်းအတွက် ဆောက်လုပ်ရေးပစ္စည်းတွေကို ကားကြီးကားငယ်နဲ့ သယ်ဆောင်လာပြီး လုပ်သားတွေနဲ့ ဝင်ရောက်လာခဲ့ကြတယ်လေ
ဒီလိုတံတားတွေ လျှောက်ရဲပါ့မလား
တောင်ပေါ်ဆေးခန်းလေးတစ်ခုရဲ့ ပုံပါ (ဆေးခန်းဆိုပေမဲ့ ဆရာဝန်မရှိတာ ၈နှစ်ရှိပြီလို့ ဆရာငြိမ်းအေးအိမ်က ဆိုပါတယ်)
တောင်ထိပ်ပေါ်က ရွာကလေးဆီသို့ သွားရာလမ်း..
တောင်ပေါ်မှာလောင်တဲ့မီး (တောမီး)
တောမီးကို ငြိမ်းသလို စစ်မီးကိုလည်း ငြိမ်းကြစို့...
တောင်ပေါ်မှာသာ ရှိတဲ့နွားနောက်
Yak လို့ခေါ်တဲ့ တိဘက်နွားပါ။
နွားနောက်နဲ့ တိဘက်နွားရဲ့ ကွာခြားချက်က အမွှေးရှည်တာနဲ့ မရှည်တာ ကွာခြားပြီး ဦးချိုလည်း ကွဲပါတယ်။ တိဘက်နွားဟာ မြန်မာပြည်မှာတော့ ဒီကချင်တောင်ပေါ်မှာဘဲ ရှိဟန်တူပါတယ်.။
မြန်မာပြည်ထဲမှာရှိတဲ့ တစ်ခုတည်းသော တိဗက်နွား(YAK) မွေးမြူရေးခြံ။
ဥာဏ်သိပ်ကောင်းတဲ့ကောင်တွေ၊ ဘယ်လောက် အဝေးရောက် နေအောင် တောင်ကြောတစ်လျှောက်သွားနေသွားနေ ညနေညနေဆို အိမ်ရောက်အောင်ပြန်တတ်တယ်။ သစ်မြစ်ဆုံတွေပေါ်မှာလည်း ငြိမ်နေအောင် ဟန်ချက်ထိမ်းနေတတ်ကြတယ်။ (ဆရာဖော်ပြထားတဲ့အတိုင်း ပြန်ကူးပေးလိုက်တာပါ)
ဒီနေရာကတော့ အပေါ်က နွားတွေရဲ့ စားကျက် မြက်ခင်းဖြစ်ပါတယ်. အေးအေးချမ်းချမ်း သာသာယာယာပင်ရှိသေးတော့တယ်။
ဒီအကောင်လေးက ရှားပါးလှတဲ့ပန်ဒါဝက်ဝံအနီမျိုးလို့ ဆိုပါတယ်.. သူ့နာမည်လေးက နိုဝင်ဘာတဲ့ ဆရာ့အိမ်မှာတစ်နှစ်လောက် မွေးထားပြီး နောက်တော့ တောထဲပြန်လွှတ်ပေးလိုက်တယ်လို့ ဆရာက ပြောပါတယ်။

ဒီပုံကိုကြည့်ပြီး မေးချင်တဲ့ မေးခွန်းတွေ ပေါ်လာမိပါတယ်.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်ကတည်းက ရှိခဲ့တဲ့ ရွာကလေးဟာ လွန်ခဲ့တဲ့ နှစ်၇ဝဝနဲ့ ဘာတွေများ ကွာခြားပြီး ဘာတွေများ တိုးတက်လာသလဲ ဆိုတဲ့ မေးခွန်းပါဘဲ။ လမ်းပန်းဆက်သွယ်ရေးကရော လွန်ခဲ့တဲ့ နှစ် ၇၀၀နဲ့ ဘာများ ကွာခြားသွားခဲ့ပြီလဲ ဆိုတာပါဘဲ။
ဘယ်လိုပင်လမ်းပန်းခက်ခဲပါစေ.. တောတောင်တွေကြားက သဘာဝအလှတရားက မြို့ပြရှုခင်းတွေ ဘယ်လိုမှမမီနိုင်အောင် လှမြဲပါဘဲလေ။
တောင်ပေါ်အိမ်နဲ့ တောင်ပေါ်လမ်း
ရေခဲတောင်ထွတ်များနဲ့တောင်ခြေက သူတို့ဘဝ (သူတို့လို ရောင့်ရဲနိုင်ပါ့မလား)
ဖြူလွလွ ရေခဲဖုံးတောင်
ငွေရောင်လက်နေတဲ့ ရေခဲတောင်များ..
ဖြူလွလွ ရေခဲဖုံးတောင်
ငွေရောင်လက်နေတဲ့ ရေခဲတောင်များ..
ထင်းရှူးပင်နဲ့ ရေခဲပြင်
ဖီမော်ရဲ့နှင်းတွေဝေတဲ့ ဖေဖော်ဝါရီ (တရုတ်မြန်မာ နယ်ခြားဂိတ်)
ဆရာ့ဓာတ်ပုံတွေကြည့်ပြီးတဲ့နောက်မှာ အရင်က မသိခဲ့တဲ့ ကချင်ဒေသရဲ့ သမိုင်းကြောင်းအချို့လည်း သိလာခဲ့ရတယ်။ နယ်စပ်မျဉ်းနဲ့ ကပ်နေတဲ့ ကချင်ရွာကြီး သုံးရွာဟာ ( ယခင်က မြန်မာပြည်ပိုင်နက် စင်စစ် ဧကန်ဖြစ်ပါရက်ကယ်နဲ့) ဟိုးယခင်ခါက ဝန်ကြီးချုပ်တစ်ဦးရဲ့ လက်ထက်မှာ တရုတ်ပြည်ပိုင်နက်ထဲကို ထည့်ခံလိုက်ရတယ် ဆိုတာပါဘဲ။ သိသူများကတော့ သိကြပါရဲ့.. ဒါပေမဲ့ လက်လွန်ကုန်ပါပြီ...း(
ကဗျာတစ်ပုဒ်လို လှတဲ့ တောင်တန်းများ
ငေါ့ချမ်းခချောင်းတစ်နေရာ.
ပေ ၇ဝဝဝ ကျော် အမြင့်မှာရှိတဲ့ ဘောလုံးကွင်းလို့ ဆိုပါတယ်.. ကြည့်ပါဦးတော့... တိမ်ကိုတောင် လှမ်းပြီး ဆွတ်ခူးလို့ ရတော့မဲ့အတိုင်း
(ဒီတောင်ထိပ်ပေါ်မှာ ဘောလုံးကန်လိုသူများ စာရင်းပေးပါ) တောင်ထိပ်ပေါ်ကို ခြေလျှင် တက်ပြီးမှ ဘောလုံးကန်ရပါမယ်... :P
တရုပ်နဲ့ မြန်မာဆက်သွယ်ဖောက်လုပ်ထားတဲ့ ကန်ပိုက်တည်လမ်းပေါ့။ သူတို့တွေက ဒီလမ်းကနေ မြစ်ဆုံစီမံကိန်းအတွက် ဆောက်လုပ်ရေးပစ္စည်းတွေကို ကားကြီးကားငယ်နဲ့ သယ်ဆောင်လာပြီး လုပ်သားတွေနဲ့ ဝင်ရောက်လာခဲ့ကြတယ်လေ
ဒီလိုတံတားတွေ လျှောက်ရဲပါ့မလား
တောင်ပေါ်ဆေးခန်းလေးတစ်ခုရဲ့ ပုံပါ (ဆေးခန်းဆိုပေမဲ့ ဆရာဝန်မရှိတာ ၈နှစ်ရှိပြီလို့ ဆရာငြိမ်းအေးအိမ်က ဆိုပါတယ်)
တောင်ထိပ်ပေါ်က ရွာကလေးဆီသို့ သွားရာလမ်း..
တောင်ပေါ်မှာလောင်တဲ့မီး (တောမီး)
တောမီးကို ငြိမ်းသလို စစ်မီးကိုလည်း ငြိမ်းကြစို့...
တောင်ပေါ်မှာသာ ရှိတဲ့နွားနောက်
Yak လို့ခေါ်တဲ့ တိဘက်နွားပါ။
နွားနောက်နဲ့ တိဘက်နွားရဲ့ ကွာခြားချက်က အမွှေးရှည်တာနဲ့ မရှည်တာ ကွာခြားပြီး ဦးချိုလည်း ကွဲပါတယ်။ တိဘက်နွားဟာ မြန်မာပြည်မှာတော့ ဒီကချင်တောင်ပေါ်မှာဘဲ ရှိဟန်တူပါတယ်.။
မြန်မာပြည်ထဲမှာရှိတဲ့ တစ်ခုတည်းသော တိဗက်နွား(YAK) မွေးမြူရေးခြံ။
ဥာဏ်သိပ်ကောင်းတဲ့ကောင်တွေ၊ ဘယ်လောက် အဝေးရောက် နေအောင် တောင်ကြောတစ်လျှောက်သွားနေသွားနေ ညနေညနေဆို အိမ်ရောက်အောင်ပြန်တတ်တယ်။ သစ်မြစ်ဆုံတွေပေါ်မှာလည်း ငြိမ်နေအောင် ဟန်ချက်ထိမ်းနေတတ်ကြတယ်။ (ဆရာဖော်ပြထားတဲ့အတိုင်း ပြန်ကူးပေးလိုက်တာပါ)
ဒီနေရာကတော့ အပေါ်က နွားတွေရဲ့ စားကျက် မြက်ခင်းဖြစ်ပါတယ်. အေးအေးချမ်းချမ်း သာသာယာယာပင်ရှိသေးတော့တယ်။
ဒီအကောင်လေးက ရှားပါးလှတဲ့ပန်ဒါဝက်ဝံအနီမျိုးလို့ ဆိုပါတယ်.. သူ့နာမည်လေးက နိုဝင်ဘာတဲ့ ဆရာ့အိမ်မှာတစ်နှစ်လောက် မွေးထားပြီး နောက်တော့ တောထဲပြန်လွှတ်ပေးလိုက်တယ်လို့ ဆရာက ပြောပါတယ်။
ဆရာရေ.. နိုဝင်ဘာလေး ခုချိန်ထိ ဘေးရန်ကင်းကင်းနဲ့မှ ရှိသေးရဲ့လား မသိဘူးနော်.. လောဘကြီးပြီး သားစားကျူးလှတဲ့ တစ်ဖက်နိုင်ငံက မုဆိုးတွေကြောင့်များ ပျောက်ဆုံးသွားလေပြီလားလို့ တွေးမိပြီး စိတ်မကောင်း ဖြစ်မိပါသေးတယ်။
တောင်ပေါ်မှာ ပေါလှတဲ့ ချဉ်စော်ခါးသီးပင်ပေါ့
ရာချီပြီး ရှိတဲ့ ဆရာရဲ့ ဓာတ်ပုံတွေ အားလုံးကို ကျွန်မအနေနဲ့ တင်ပေးချင်ပေမဲ့ မဖြစ်နို်င်ကြောင့် အတူ ဓာတ်ပုံများ အားလုံးကို slide show လေးဖန်တီးထားပါတယ်.. လှပသာယာတဲ့ ဓာတ်ပုံလေးတွေကို အယ်လ်ဆိုင်းဇီရဲ့ သီချင်းလေးနဲ့ ဖန်တီးပေါင်းစပ်ပြီး ဖန်တီးထားတာမို့ အချိန်လည်းရမယ် စိတ်လည်း ဝင်စားတယ်ဆိုရင် အားပေးကြည့်ရှုသွားပါဦးလို့နော်။
မိတ်ဆွေငယ်သူချင်းများ အားလုံးလည်း အေးချမ်းသာယာတဲ့ ကချင်မြေရဲ့ အလှတွေကို တွေ့မြင်ကြပြီ ထင်ပါတယ်နော်.. တကယ်တမ်းတော့ ကျွန်မတို့ မြန်မာပြည်ကြီးမှာ ခရီး သွားလာဖို့ ကောင်းတဲ့ ဒေသတွေ၊ အင်မတန်မှ သာယာတဲ့နေရာတွေ အများကြီးရှိပါတယ်. အခုမြင်နေရတဲ့ နေရာတွေဟာ ပြည်ပခရီးသွားတွေ မပြောနဲ့ ပြည်တွင်းက လူတွေတောင် ရောက်ဖူးဖို့ မလွယ်သေးတဲ့ နေရာတွေဖြစ်ပါတယ်.။ သွားဖို့ လာဖို့ ခက်ခဲတဲ့ ဒီနေရာက အလှတွေဟာ လူသူမသိဘဲ ရှိနေခဲ့ရတာပါ။ အိမ်မက်ဆန်ဆန် လှပလွန်းတဲ့ ဒီဒေသကို လမ်းပန်းဆက် သွယ်ရေးကို ချောမွေ့အောင်လုပ်မယ်.. နယ်မြေအေးချမ်း တိုးတက်အောင် လုပ်မယ်၊ ဆောက်သင့်တဲ့ အဆောက်အဦး၊ ရှိရမဲ့တည်းခိုခန်း စသည်တို့ ကို ပြည့်စုံအောင် ဖြည့်ဆည်းမယ် ဆိုရင် ဒီလို သာယာ လှပ တဲ့နေရာတွေကို လာချင်၊ သွားချင်ကြတဲ့သူတွေ အများကြီး ဖြစ်မှာ ပါ။ ပြည်တွင်းက သာမက ပြည်ပ ခရီးသွား ဧည့်သည်တွေကိုပါ အလည်လာ၊ အပန်းဖြေချင်အောင် ဆွဲဆောင်ဖို့ ကောင်းတဲ့ နေရာတွေ လည်း ဖြစ်ပါ တယ်။
တောင်တွေကြားက အင်မတန် လှပတဲ့ သာယာတဲ့ ချီဖွေချောင်းကလေးပါ။
ချီဖွေတံတား (သို့) ဇန်နောင်ယန် ကြိုးတံတား.
အစိမ်းရောင် ဆေးစက်များပေါ်က အနက်ရောင်ဆေးစက်များ
ဒီတံတား ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ခန့်မှန်းမိကြမယ် ထင်ပါတယ်နော်.. သဘာဝ အလှ အပတွေနဲ့ ငြိမ်းချမ်းလှပပြီး သာယာလှတဲ့ ကချင်မြေဟာ မငြိမ်းချမ်းလေသော အကြောင်းတရား များကြောင့် အခုလို ဖြစ်ရတာတွေဟာ ဝမ်းနည်းဖို့ကောင်း ပါတယ်. လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲ၊ ငြိမ်းချမ်းမှု လည်း မရှိရင် အင်မတန် သာယာလှပတဲ့ အလှတွေကို ဘယ်သူကမှ အလွယ် တကူ မြင်တွေ့ခွင့် ရမှာ မဟုတ်ပါဘူး။ သာယာလှပပြီး သဘာဝရဲ့ အငွေ့အသက်တွေနဲ့ အေးချမ်းလွန်းတဲ့ ဒီမြေပေါ်မှာ ယမ်းနံ့တွေ၊ သွေးညှီနံ့တွေ အမြန်ဆုံး ကင်းစင်လွင့်ပြယ်ပြီး ငြိမ်းချမ်းတဲ့ ချိုးငှက်ကလေးတွေ ဝဲပျံနေတာကို တွေ့မြင်ချင်မိပါပြီ။
အမြဲတမ်း ရွှင်ပြုံးနိုင်ပါစေ
အပြစ်ကင်းသူ ကလေးငယ်
ကလေးတို့ရေ.. မင်းတို့ရဲ့ အနာဂတ်လေး လှပသာယာပါစေ.......
ဓာတ်ပုံတွေရဲ့ ပိုင်ရှင် ဆရာငြိမ်းအေးအိမ်ကလည်း ကချင်ပြည်နယ်မှာ ဒီလောက် သာယာတဲ့နေရာတွေ ရှိတယ်ဆိုတာက မြန်မာပြည်တင်မက ကမ္ဘာကပါ သိစေချင်တယ်.. လာလည်စေချင် ပါတယ်လို့ ပြောပါ တယ်။ ဒေသကို ချစ်ခင်မြတ်နိုးတဲ့ ဆရာ့ရဲ့ စေတနာတွေကို အထင် အရှား မြင်တွေ့လိုက်ရလို့ ဆရာ့ကို လေးစားမိပါတယ်။ ဓာတ်ပုံတွေအတွက်လည်း ဆရာကို အထူးကျေးဇူး တင်ပါကြောင်း ပြောကြား ပါရစေရှင်.. အေးချမ်းလှပတဲ့ ကျွန်မတို့ ကချင်ပြည်နယ်မှာ တောက်လောင်နေတဲ့ စစ်မီးတွေ၊ အမုန်းမီးတွေ အမြန်ဆုံး ငြိမ်းအေးပါစေလို့ ဆုတောင်းမိပါတယ်။
အဲဒီဒေသ ဒီပိုစ့်ထဲက ဓာတ်ပုံများ အားလုံးဟာ ဆရာ ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်သောကြောင့် အခြားသော မီဒီယာများမှ ကူးယူဖော်ပြ အသုံးပြုလိုပါက ဆရာ့ထံ ဆက်သွယ် ခွင့်တောင်းပြီးမှသာ အသုံးပြု ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဆရာရဲ့ ဖေ့ဘွတ်မှာလည်း ( https://www.facebook.com/profile.php?id=100001441728322 ) လှပသော ဓာတ်ပုံများကို သွားရောက် ကြည့်ရှု ခံစားနိုင် ပါတယ်ရှင်...

ချစ်သော ကချင်မြေ ထာဝရငြိမ်းချမ်း စိမ်းလန်းပါစေ.. အားလုံးလည်း ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင် လန်းသော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေ..